Showing posts with label သျှမ်းရေးရာ. Show all posts
Showing posts with label သျှမ်းရေးရာ. Show all posts

Tuesday

ဦးခွန်ထွန်းဦးနှင့် တိုင်းရင်းသား ခေါင်းဆောင်များအတွက် ကောင်းမှုကုသိုလ် အလှူဒါနပြုခြင်း(တိုကျို)

ဦးခွန်ထွန်းဦးနှင့် တိုင်းရင်းသား ခေါင်းဆောင်များ ကျန်းမာစေကြောင်း နှင့် အမြန်းဆုံး လွတ်မြှောက်စေရန် အတွက် Tokyo Itabashi-ku ရှိ ထေရ၀ါဒ ပရိယတ္တကျောင်းတော် (MCWA)မှာ သံဃာတော်များ ဆွမ်းကပ်လှူဒန်းခြင်း ကောင်းမှုကုသိုလ် အလှူဒါနပြခြင်း အစီအစဉ်ကို သျှမ်းပြည်တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့(ဂျပန်)မှ ယနေ့ နံနက် ၁၀း၀၀ နာရီမှ ၁၃း၀၀ နာရီအထိ ပြုလုပ်ခဲ့ကြပါသည်။

၂၀၀၅ ဖေဖေါ်ဝါရီ ၇ ရက် သျှမ်းပြည်နယ်နေ့ ညစာ စားပွဲအပြီး ဖေဖေါ်ဝါရီလ ၈ ရက်နှင့် ၉ ရက်နေ့များ၌ SNLD ဥက္ကဌ ဦးခွန်ထွန်းဦးနှင့် သျှမ်းတိုင်းရင်းသား ခေါင်းဆောင်များတို့ကို သျှမ်းပြည်အတိုင်ပင်ခံ ကောင်စီ ဖွဲ့စည်းမှု စွပ်စွဲချက်အပြင် အခြားအမှုပေါင်း များစွာရှာကြံ၍ မတရား ဖမ်းဆီး ထိန်းသိမ်းခဲ့ပါသည်။ ဦးခွန်ထွန်းဦး ၊ ဗိုလ်ချုပ်ဆေထင်နှင့် စိုင်းညွန့်လွင် အပါအဝင် သျှမ်းပြည် မျိုးဆက်သစ် ခေါင်းဆောင် များအား သွားလာရေး ခက်ခဲ့သည့် နယ်စွန်နယ်ဖျား ထောင်များသို့ ပို့ဆောင် ချုပ်နှောင်ခံရပြီးနောက်ပိုင်း တနှစ်ထက် တနှစ် ကျန်းမာရေး အခြေအနေမှာ ဆိုးရွားလာကြောင်းကို ကြားသိရသည့်အတွက် ကျမ္မာစေရန်နှင့် အမြန်ဆုံးလွတ်မြောက်ရန် ဆုတောင်းမေတ္တာပို့သသည့် အလှူကို ပြုလုပ်ရခြင်းဖြစ်ပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ SSND-Japan

Read More...

Thursday

ဦးခွန်ထွန်းဦးနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆို ဆန္ဒပြပွဲ(တိုကျို)

၂၀၁၁ ခုနှစ် ဇွန်လ (၉)ရက်

ဦးခွန်ထွန်းဦး အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်များနှင့် မတရား ဖမ်းဆီးခံ နေရသော နိုင်ငံရေး အကျဉ်းသားများအားလုံး အမြန်ဆုံး လွတ်မြောက်စေရန် အတွက် တောင်းဆို ဆန္ဒပြပွဲ အခမ်းအနားကို Shibuya မြို့ နယ်ရှိ UNရုံးရှေ့ တွင် ဂျပန်နိုင်ငံရောက် တိုင်းရင်းသား အင်အားစု များတို့မှ ဦးစီး၍ ယနေ့ ညနေ ၃း၀၀ နာရီ မှ ၄း၀၀ နာရီ အထိ ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။

၂၀၀၅ ခုနှစ် ဖေဖေါ်ဝါရီလ(၉)ရက်နေ့တွင် နအဖ အာဏာရှင်တို့မှ ဦးခွန်ထွန်းဦး အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်များနှင့် သျှမ်းပြည်မျိုးဆက်သစ် ခေါင်းဆောင် များတို့အား နှစ်ရှည် ထောင်ဒဏ်ဖြင့် မတရား ဖမ်းဆီး ထားခဲ့သည်မှာ ယနေ့ဆိုလျှင် ( ၆ နှစ် ၄ လ)ပြည့်မြောက်သည့် နေ့ဖြစ်ပြီး ဝေးလံ ခေါင်သီသော နယ်စွန်နယ်ဖျား ထောင်များသို့ ပို့ဆောင်ခံရပြီး နောက်ပိုင်း တနှစ်ထက်တနှစ် ကျန်းမာရေး ဆိုးရွား လာသည်ဟု ကြားသိ ရသည့်အတွက် ကျမ္မာစေဖို နှင့် အမြန်ဆုံး လွတ်မြောက်စေရန် အတွက် ကုလသမဂ္ဂ ရုံးရှေ့၌ ယခုလို တောင်းဆို ဆန္ဒပြပွဲများ ကျင်းပ ပြုလုပ် ရခြင်းဖြစ်ပါသည်။

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ရှေ့တန်းတွင် ကိုယ်ကျိုးစွန့် တိုက်ပွဲဝင်နေကြသော SSA ရဲဘော်များအား ပံ့ပိုးသည့် အကူအညီ ငွေများတို့ကို လက်ခံသည့် အစီအစဉ်ပါ ပူးတွဲ ကျင်းပပြုလုပ်ပြီး တိုက်ပွဲဝင် ရဲဘော်များ ထံသို့ ဆက်လက် ပေးပို့သွားမည် ဖြစ်ပါသည်။ ယနေ့ ဆန္ဒပြပွဲတွင် မြန်မာနိုင်ငံသားများ စုစုပေါင်း အင်အားစု ၈၀ ခန့် ပူးပေါင်း ပါဝင်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo

Read More...

Sunday

သျှမ်းပြည်အမျိုသားများဒီမိုကရေစီအဖွဲ့ (ဂျပန်) ၆လပါတ်အစည်းအဝေးမှတ်တမ်း


ယနေ့ ၂၀၁၁ ဧပြီလ ၅ရက်နေ့ ၊သျှမ်းပြည်အမျိုးသားများဒီမိုကရေစီအဖွဲ့ (ဂျပန်)မှ ၂၀၁၁ အတွင်း ၆လပါတ် အစည်းအဝေးကို Takadanobaba အရပ်ရှိ AUN-Office ၌ ပြုလုပ်ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် ဥက္ကဋ္ဌကိုမိုင်ကျော်ဦးမှ အမှာစကားပြောကြားသွားခဲ့ပြီးနောက် အသင်းဝင်များက တဦးချင်းစီ၏ လူမှုရေးလှုပ်ရှားမှုများကို အကြံပေးဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် ယခုလက်ရှိ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ရှေ့တန်းတွင် တိုက်ပွဲဝင်နေကြသော SSA ရဲဘော်များအား ပံ့ပိုးသည့် အကူအညီ ငွေများကို ပေးပို့ရန် အဖွဲ့သားများအားလုံးမှ စိတ်တူကိုယ်တူ သဘောတူညီခဲ့ကြသည်။







Read More...

(၅၃) နှစ် မြောက် သျှမ်းပြည်အမျိုးသားတော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား


၂၂ရက်နေ့ မေလ ၂၀၁၁

(၅၃) နှစ် မြောက် သျှမ်းပြည်အမျိုးသားတော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ဂျပန်နိုင်ငံရောက် သျှမ်းပြည် တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ်(SSND-Japan) နှင့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ်(SND-Japan) တို့ မှ ဦးစီး၍ တိုကျိုမြို့  တာကါဒါနိုဘာဘာ အရပ်ရှိ Shoohiseikatsu Center 4F ,မှာ ယနေ့  မနက် ၁၀း၀၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ကျင်းပပြုလုပ်ခြင်းနှင့် ပတ်သက်၍ ဂျပန်ရောက်ရှမ်းလူမျိုးများကိုယ်စား နယက ဦးစိုင်းဆိုင်မုဒ့်မှ ရှင်းလင်းပြောကြားရာမှာ ဤအခမ်းအနားကို ဂျပန်နိုင်ငံတွင် ဒုတိယအကြိမ် ပြုလုပ်ခြင်းဖြစ်ပြီး သျှမ်းပြည်အမျိုးသားတော်လှန်ရေး နောက်ခံ သမိုင်းကြောင်းကို ယနေ့ ခေတ်လူများ သိရှိစေလိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ရခြင်း ဖြစ်သလို မိမိတို့ ၏ တရားမျှတသည့် တန်းတူအခွင့်အရေး၊ ငြိမ်းချမ်းရေးနှင့် ကိုယ့်ကြမ္မာ ဖန်တီးနိုင်ခွင့်အရေးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံပြီး တိုက်ပွဲဝင်ခဲ့ကြသည့် အာဇာနည် သူရဲကောင်းအပေါင်းတို့ ကို လေးစား ဂုဏ်ပြုသောအားဖြစ် ကျင်းပ ပြုလုပ်ရခြင်း ဖြစ်ပါသည်။

သျှမ်းပြည်တော်လှန်ရေး ဖြစ်ပေါ်လာပုံ နောက်ခံသမိုင်းကြောင်းကို အကျယ်တ၀င့် ရှင်းလင်း တင်ပြသွားပြီး ၁၉၅၂ ခုနှစ် တွင် တရုပ်ဖြူ ကျူးကျော်မှုကို အကြောင်းပြု၍ ဗမာ့တပ်မတော်က သျှမ်းပြည်၏ ကိုယ်ပိုင်ပြဌာန်းခွင့် ကို သိမ်းပိုက် ထိပါးလာမှုကြောင့် လွတ်လပ်ရေး၊ တန်းတူရေး မြတ်နိုးတန်ဖိုးထားသည့် အားလုံးသော မျိုးချစ် သျှမ်းများသည် စ၀်နွိုင် ထူထောင်ခဲ့သည့် Nam Serk Harm စစ်တပ် ထူထောင်ခဲ့သည့် ၁၉၅၈ ခုနှစ် မေလ ၂၁ ရက်နေ့အား ရှမ်းပြည်သူ ပြည်သားများ တော်လှန်ရေးနေ့ဟု တညီတညွတ်တည်း သတ်မှတ်ခဲ့ကြသည့် အကြောင်းကို ရှင်းလင်းပြောကြားသွားပါသည်။ တက်ရောက်လာကြသည့် ဖွဲ့အစည်းအသီးသီးမှ ဂုဏ်ပြုအမှာစကား ပြောကြားပြီးသည့်နောက် အခမ်းအနားကို နေခင်း ၁၂း၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

ယနေ့ ကျင်းပပြုလုပ်သည့် အခမ်းအနားတွင် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ စုစုပေါင်း (၅၀ )ကျော်ခန့်  တက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် သျှမ်းပြည်အမျိုးသားတော်လှန်ရေး နောက်ခံ သမိုင်းကြောင်းပါ မှတ်တမ်း စာစောင်ကို ခြင်းပြုလုပ်ခဲ့ပါသည်။

သတင်း။ ။SSND-Jp
မှတ်တမ်း။ ။SSND-Jp

Read More...

Wednesday

တိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦးနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆို ဆန္ဒပြပွဲ(တိုကျို)။




၂၀၁၁ ဖေဖော်ဝါရီလ ၉ ရက်နေ့

ဦးခွန်ထွန်းဦး နှင့် တိုင်းရင်းသား ခေါင်းဆောင်များအပါအ၀င် မတရား ဖမ်းဆီးခံ နေရသော နိုင်ငံရေး အကျဉ်းသားများအားလုံး အမြန်ဆုံး လွတ်မြောက်စေရန် အတွက် တောင်းဆို ဆန္ဒပြပွဲ အခမ်းအနားကို Shibuya မြို့ နယ်ရှိ UNရုံးရှေ့ တွင် ဂျပန်နိုင်ငံရောက် တိုင်းရင်းသား အင်အားစု များတို့မှ ယနေ့ ညနေ ၃း၀၀ နာရီ မှ ၄း၀၀ နာရီ အထိ ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။

နအဖ အာဏာရှင်တို့မှ ၂၀၀၅ ခုနှစ် ဖေဖေါ်ဝါရီလ(၉)ရက်နေ့တွင် ဦးခွန်ထွန်းဦး အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်များတို့ကို နှစ်ရှည်ထောင်ဒဏ်ဖြင့် မတရား ဖမ်းဆီးထားခြင်းအပေါ်အမြန်ဆုံး လွတ်မြောက်စေရန် အတွက် ယခုလို လစဉ် (၉)ရက်နေ့  ကျရောက်တိုင်း တောင်းဆို ဆန္ဒပြပွဲ များ ပြုလုပ်လျှက်ရှိပြီး ပူးပေါင်းပါဝင်ခဲ့ကြသည့် အဖွဲ့အစည်း အသီးသီး တာဝန်ရှိသူများတို့မှလည်း တိုင်းပြည်နှင့် လူမျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ ပြီး ထောင်ထဲတွင် ဆက်လက်တိုက်ပွဲဝင် ခေါင်းဆောင်များ နိုင်ငံရေးအကျဉ်းသားများတို့ကို လေးစားသောအားဖြစ် ကျမ္မာစေဖို နှင့် အမြန်ဆုံး လွတ်မြောက်ရန် အတွက် တိုက်တွန်း တောင်းဆိုသွားခဲ့ကြောင်း သိရှိရပါသည်။

Read More...

Thursday

ဦးခွန်ထွန်းဦးနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆို ဆန္ဒပြပွဲ(တိုကျို)။

၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၉ရက်နေ့
ဦးခွန်ထွန်းဦးနှင့် တိုင်းရင်းသားခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေး အကျဉ်းသားများအားလုံး အမြန်ဆုံး လွတ်မြောက်စေရန် အတွက် တောင်းဆို ဆန္ဒပြပွဲ အခမ်းအနားကို Tokyo, Shibuya မြို့ နယ်ရှိ ကုလသမ္မဂရုံးရှေ့တွင် ဂျပန်နိုင်ငံရောက် တိုင်းရင်းသား အင်အားစု များတို့မှ ဦးစီး၍ ညနေ ၃း၀၀ နာရီ မှ ၄း၀၀ နာရီ အထိ ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။

အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူများက တိုင်းပြည်နှင့် လူမျိုးအတွက် ကိုယ်ကျိုးစွန့်  အနစ်နာခံ ပြီး ထောင်ထဲတွင် ဆက်လက်တိုက်ပွဲဝင် ခေါင်းဆောင်များ နိုင်ငံရေးအကျဉ်းသားများတို့ကို လေးစားသောအားဖြစ် ကျမ္မာစေဖို့ နှင့် အမြန်ဆုံး လွတ်မြောက်ရန် အတွက် ယခုလို လစဉ် ၉ရက်နေ့  ကျရောက်တိုင်း တောင်းဆို ဆန္ဒပြပွဲ များ ပြုလုပ်လျှက်ရှိပါသည်။

Read More...

Tuesday

၅၂နှစ်မြောက်ရှမ်းတော်လှန်ရေးနေ့တွင်ပြောကြားသောဥက္ကဌစ၀်ရွက်စစ်၏ မိန့်ခွန်း

Image and video hosting by TinyPic
မေလ ၂၁ ရက်နေ့ ၂၀၁၀
- ၅၂ နှစ်မြောက်ရှမ်းတော်လှန်ရေးနှစ်ပတ်လည်နေ့မှာ နိုင်ငံအတွက် စွန့်လွှတ်စွန့်စားလုပ်ကိုင်ကြတဲ့ကျနော်တို့ ရဲ့မျိုးချစ်ပြည်သူတွေအတွက် လေးစားဂုဏ်ယူတယ်ဆိုတာကို ပြောကြားလိုပါတယ်။ လွန်ခဲ့တဲ့ ၅၂ နှစ်အတွင်း မှာ အောင်မြင်မှုတွေ ကျဆုံးမှုတွေရှိခဲ့ပါတယ်။ ဒါကြောင့် ရှမ်းပြည်ရဲ့ပြည်သူအားလုံး အတွက်ရော၊ ကျနော် တို့ ရဲ့မျိုးချစ်ရဲဘော်တွေအတွက်ပါ ကျနော့်အနေနဲ့သုံးသပ်မှုတွေလုပ်ချင်ပါတယ်။ ဒါမှသာ ကျနော်တို့ရဲ့ မျိုးချစ် ရဲဘော်တွေအတွက်ရော ရှမ်းပြည်တပ်မတော်အတွက်ပါ ကိုယ့်ကိုယ်ကို ဝေဖန်သုံးသပ်နိုင်မယ်၊ ပြင်ဆင် ပြောင်းလဲမှုတချို့ကိုလုပ်နိုင်မှာဖြစ်ပါတယ်။
- တပ်မတော်ဆိုတာ နိုင်ငံတည်ငြိမ်ဖို့နဲ့ တည်တံ့ခိုင်မြဲရေးအတွက် ထူထောင်ထားတာဖြစ်ပါတယ်။ ဒါကြောင့် ရှမ်းပြည်တပ်မတော်ဟာ ကျနော်တို့နိုင်ငံရဲ့ပင်မကျောရိုးဖြစ်တယ်၊ မျိုးဆက်သစ်ဟာအင်အားဖြစ်တယ်၊ ပြည်သူ ဟာရေဖြစ်တယ်၊ တပ်မတော်ဟာ ငါးဖြစ်တယ်။ အားလုံးဟာ တခုနဲ့တခု အပြန်အလှန်မှီခိုနေကြတယ်၊ ပြည်သူ တွေရဲ့ပံ့ပိုးမှုမရပဲနဲ့ တပ်မတော်ဟာ မရပ်တည်နိုင်ဘူး၊ အင်အားရှိမှာမဟုတ်ဘူး။ တပ်မတော်အားနည်းလို့ရှိရင် နိုင်ငံလည်းအားနည်းမှာပဲ၊ ရန်သူရဲ့တိုက်ခိုက်မှုကိုခံနိုင်မှာမဟုတ်ဘူး။ ဒီဟာက နောင်လာမယ့်မျိုးဆက်သစ်တွေ ကို ကျွန်အဖြစ်ကို ရောက်စေလိမ့်မယ်ဆိုတာ မေ့လို့မဖြစ်ဘူး။
ဗမာခေါင်းဆောင်တွေပင်လုံစာချုပ်ကို သစ္စာဖောက်တယ်ဆိုတာရှင်းလင်းလှတယ်၊
ရှမ်းပြည်ကို ကျူးကျော်ဝင်ရောက် သိမ်းပိုက်ခဲ့တယ်

- ဗမာမျက်ကန်းမျိုးချစ်တွေဟာ ဗမာစစ်တပ်ကိုသုံးပြီး ရှမ်းပြည်ကို ကျူးကျော်ဝင်ရောက်ပြီးတော့ နိုင်ငံရေး စစ်ရေး အရထိန်းချုပ်ထားခဲ့တယ်။ ဒါတင်မကဘူး ရှမ်းပြည်ကို ရေရှည်ထိန်းချုပ်နိုင်ဖို့ လိမ်လည်လှည့်ဖြားမှုတွေကို ကြိုးစားလုပ်ဆောင်နေတယ်။
- ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်အပေါ်အခြေခံပြီး ရှမ်းပြည်ဟာ ခွဲထွက်ပိုင်ခွင့်ရှိတယ်ဆိုတာကို
...ရှမ်းပြည်သည် စာချုပ် ပေါ်ပေါက်ပြီး ၁၀ နှစ်အကြာတွင် ပြည်ထောင်စုအတွင်းမှ ခွဲထွက်နိုင်သည် ဆိုပြီးဖော်ပြထားတဲ့အချက်ဟာ ဗမာ မျက်ကန်းမျိုးချစ်တွေအမုန်းဆုံးအရာပဲဖြစ်တယ်၊ အစိုးရထဲက ဗမာခေါင်းဆောင်သစ်တိုင်းဟာ ဒါကိုမေ့ပျောက်ဖို့ ကြိုးစားကြတယ်၊ ပင်လုံသဘောတူစာချုပ်အကြောင်းကိုပြောဆိုဖို့နဲ့ ရှမ်းပြည်ရဲ့အခွင့်အရေးအကြောင်းကို ပြော ဆိုဖို့ ရှောင်ရှားကြတယ်။
- ၁၉၆၁ ခုနှစ်က တိုင်းရင်းသားပြည်နယ် ၇ ပြည်နယ်အစည်းအဝေး တောင်ကြီးမှာကျင်းပခဲ့တုန်းက စစ်မှန်တဲ့ ပြည်ထောင်စုအတွက် အဆိုပြုခဲ့ပါတယ်၊ သူတို့တတွေက အဲဒါကို ပြည်ထောင်စုပြိုကွဲအောင်လုပ်တယ်ဆိုပြီး စွပ်စွဲခဲ့ကြတယ်။ အဲဒီနောက်မှာ နေ၀င်းခေါင်းဆောင်တဲ့ ဗမာစစ်တပ်က ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာ အာဏာသိမ်းခဲ့ပြီး ပင်လုံစာချုပ်အပေါ်အခြေခံထားတဲ့ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ဖျက်သိမ်း ပစ်ခဲ့တယ်။
- နောက်တခါ ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ SNLD ဥက္ကဌ ခွန်ထွန်းဦး နဲ့ SSPC ဥက္ကဌ စ၀်ဆေထင် တို့ ဟာ စစ်မှန်တဲ့ပြည်ထောင်စုတခုကို မျှော်မှန်းပြီး တောင်ကြီးမှာ အစည်းအဝေးတခုကို ကျင်းပခဲ့ပါတယ်။ သူတို့ တတွေက ပြည်ထောင်စုကိုဖြိုခွဲဖို့ကြံစည်တယ်ဆိုပြီးစွပ်စွဲပြီးတော့ မျှတတဲ့တရားစီရင်မှုမရှိပဲနဲ့ ထောင်ချခဲ့တယ်။ တကယ်တမ်းမှာ ပြည်ထောင်စုကိုဖြိုခွဲနေတာက ဗမာခေါင်းဆောင်တွေပဲဖြစ်တယ်။

Image and video hosting by TinyPic


၁၉၆၂ ခုနှစ်မှာ နေ၀င်းအာဏာသိမ်းခဲ့ပြီးတဲ့နောက် ရှမ်းစော်ဘွားတွေ (စ၀်ဖ) ဟာ တခြား ရှမ်း ကချင် ချင်း ကရင်နီ မွန် ရခိုင်ခေါင်းဆောင်တွေနဲ့အတူ ထောင် ၇ နှစ် ၈ နှစ်အထိ အချခံခဲ့ရတယ်၊ သီပေါစော်ဘွား စ၀်ကြာဆိုင်နဲ့ လဲချာစော်ဘွား လုံးဖိုးရင် တို့လိုခေါင်းဆောင်တချို့ဟာ ဗမာစစ်တပ်ရဲ့သေအောင်ရည်ရွယ်ပြီး ပစ်သတ်တာကိုခံခဲ့ရတယ်၊ တချို့တွေဟာ ထောင်ထဲမှာ သေဆုံးခဲ့ရတယ်၊ တချို့တွေဟာ ထောင်ကပြန်လွတ် လာပြီးတဲ့နောက် ရောဂါတွေနဲ့ သေဆုံးခဲ့ရတယ်။ တချို့ခေါင်းဆောင်တွေ နေအိမ်မှာမနေနိုင်ပဲ ထွက်ပြေး ပုန်းရှောင်ခဲ့ရတယ်၊ နောက်ယောင်ခံစုံစမ်းထောက်လှမ်းခံနေခဲ့ရတယ်၊ ဒါဟာ ထောင်ချခံရသလိုပဲ။
- နေ၀င်းဦးဆောင်တဲ့ ဗမာစစ်တပ်ဟာ ၁၉၆၄ ခုနှစ် မတ်လ ၂၈ ရက်နေ့မှာ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ကာကွယ်ရေးဥပဒေ ကိုပြဌာန်းခဲ့တယ်၊ တပါတီအာဏာရှင်စနစ်နဲ့ နိုင်ငံကိုအုပ်ချုပ်ဖို့လုပ်ဆောင်ခဲ့ပြီး ပြည်သူ တွေရဲ့ဒီမိုကရေစီအခွင့်အရေးတွေကို ဖျက်ဆီးခဲ့တယ်။
- ၁၉၇၄ ခုနှစ်မှာ နေ၀င်းအစိုးရဟာ ခွဲထွက်ပိုင်ခွင့်မပြုတဲ့၊ တိုင်းရင်းသားအားလုံးတန်းတူအခွင့်အရေးရှိတယ်ဆို တာကိုဖော်ပြထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တရပ်ကို ရေးဆွဲခဲ့တယ်။ ဒါပေမဲ့လည်း ဗမာစစ်တပ်ဟာ ရှမ်းပြည်ကို သိသိသာသာကျူးကျော်သိမ်းပိုက်ခဲ့တယ်။ ဒီဟာက ဗမာမျိုးချစ်တွေဟာ ကောင်းကောင်းနေ ကောင်းကောင်းစားရပြီး တခြားတိုင်းရင်းသားလူမျိုးစုတွေဟာ နိမ့်ကျတဲ့အခြေအနေအောက်မှာ နေထိုင်နေရတာ နဲ့နှိုင်းယှဉ်ကြည့်လိုက်လို့ရှိရင် တန်းတူညီတဲ့အခွင့်အရေးမရှိဘူးဆိုတာ ပြသနေပါတယ်။ သူတို့တတွေလုပ်နေ တာတွေဟာ ဗမာမျက်ကန်းမျိုးချစ်တွေအတွက်ပဲဖြစ်တယ်။ အခြေအနေတွေဘယ်လိုပဲပြောင်းလဲပြောင်းလဲ သူတို့တတွေဟာ တခြားတိုင်းရင်းသားလူမျိုးစုတွေကို ဖိနှိပ်ဖို့ပဲဖြစ်တယ်။ ဒီဟာက ဘာကိုပြသနေသလဲဆို တော့ ဗမာမျက်ကန်းမျိုးချစ်တွေနဲ့ နိုင်ငံရေးသမားတွေက နိုင်ငံရေးအပြောင်းအလဲကို ဘယ်လိုပဲလုပ်လုပ် တခြားတိုင်းရင်းသားလူမျိုးစုတွေကို ဆက်လက်ဖိနှိပ်နိုင်ဖို့ပဲဖြစ်တယ်။

ဗမာမျက်ကန်းမျိုးချစ်များ၏လုပ်ရပ်များကို ရှမ်းပြည်သူများက ဒီမိုကရေစီနည်းဖြင့်ဆန့်ကျင် ကြိုးပမ်းမှု
- ရှမ်းပြည်အစိုးရဟာ လွှတ်တော်မှတဆင့် ရှမ်းပြည်သူပြည်သားများရဲ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့တယ်၊ သံဃာတော်တွေကလည်း ပိတိဋကဘာသာပြန်ကော်မတီကို ဖွဲ့စည်းထူထောင်ကာ နိုင်ငံနှင့် ရှမ်းစာပေအတွက် လုပ်ကိုင်ကြိုးပမ်းခဲ့တယ်။ တက္ကသိုလ်ကျောင်းသားများကလည်း ရှမ်းပြည်အတွင်းရှိ တက္ကသိုလ်ကျောင်းသား တွေကို စည်းရုံးကာ ပြည်သူပြည်သားများကို မျိုးချစ်စိတ်ရှိရေးနှင့် ရှမ်းပြည်ဟာဘယ်လိုအန္တရာယ်ကျရောက် နေတယ်ဆိုတာ ကို အသိပေးတဲ့အနေနဲ့ ရှမ်းလူငယ်မဂ္ဂဇင်းတွင် ဆောင်းပါးများရေးသားခဲ့တယ်။ စာရေးဆရာတွေဟာ ရှမ်းပြည်သူ ပြည်သားများက ရှမ်းပြည်တွင်းလက်တွေ့နိုင်ငံအခြေအနေများကို ပိုမိုသိရှိ နားလည်စေဖို့ဆိုပြီး စာအုပ်အမျိုးမျိုးကို ရေးသားထုတ်ဝေခဲ့တယ်။ ဒီလိုလုပ်ဆောင်ခဲ့အားလုံးဟာ ရှမ်းပြည်သူ ပြည်သားများက လက်တွေ့အခြေအနေတွေကို သတိပြုမိစေဖို့နဲ့ ဗမာမျက်ကန်းမျိုးတွေရဲ့ ဖိနှိပ်မှု နဲ့ ကျွန်ပြုခံ နေရတာအောက်ကလွတ်မြောက်ဖို့အတွက်ဖြစ်တယ်။

ဗမာစစ်တပ်နှင့် တိုင်းရင်းသားလူမျိုးစုများအကြားစစ်ပွဲ
၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေးရပြီးနောက် ဗမာမျက်ကန်းမျိုးချစ်များရဲ့ရိုးသားမှုမရှိတာနဲ့ တခြားတိုင်းရင်းသား တွေကို ဖိနှိပ်ဖို့ရည်ရွယ်ချက်ကြောင့် တခြားတိုင်းရင်းသားလူမျိုးစုတွေဟာ ဗမာအာဏာရှင်တွေကို လက်နက် ကိုင်ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြတယ်။
- ဒီအချက်ကို အကောင်းဆုံးဥပမာပေးနိုင်တာက စောဘဦးကြီးဦးဆောင်တဲ့ ကရင်တိုင်းရင်းသားလူမျိုးတွေက ၁၉၄၈ ခုနှစ်မှာ လက်နက်ကိုင်ဆန့်ကျင်တိုက်ပွဲဝင်မှုကို စတင်ခဲ့ခြင်းပဲဖြစ်တယ်။ ကရင်နီနဲ့ မွန်တွေလည်း အဲဒီ နောက်မှာလိုက်ပြီး ဖြစ်ပေါ်ခဲ့တယ်။ ၁၉၅၀ ခုနှစ် နောက်ပိုင်းမှာတော့ ရခိုင်တွေလည်း ဒေသလွတ်မြောက်ရေး အတွက် ဗမာအစိုးရကို ဆန့်ကျင်တိုက်ခိုက်ခဲ့ကြတယ်။
- ရှမ်းပြည်သူပြည်သားတွေဟာ ၁၉၅၈ ခုနှစ် မေလ ၂၁ ရက်နေ့မှာ ပြည်နယ်လွတ်လပ်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့ကြတယ်။
- ကချင်တွေကလည်း ဗမာအာဏာရှင်တွေကို ၁၉၆၁ ခုနှစ်မှာ ဆန့်ကျင်တော်လှန်ခဲ့ကြတယ်။
ဒါကြောင့်တိုင်းရင်းသားလူမျိုးစုတိုင်းဟာ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ရုန်းကန်ခဲ့ကြပါတယ်။ ဗမာစစ်တပ်က ကျနော်တို့ကို ဘယ်လိုပဲဖျက်ဆီးနှိပ်ကွပ်စေကာမူ ကျနော်တို့တတွေ လိုလားတောင့်တတဲ့အောင်ပွဲဟာ တနေ့ ကျရင်ရမယ်ဆိုတာ ယုံကြည်ထားတယ်။

တော်လှန်ရေးလမ်းကြောင်းပေါ်မှ ကျဆုံးမှုများ

အစပိုင်းမှာ ကျနော်ပြောခဲ့သလိုပဲ တော်လှန်ရေးဟာ ၅၂ နှစ်တာကာလအတွင်းမှာ အောင်မြင်မှုတွေ ကျရှုံးမှုတွေ ကိုမြင်တွေ့ရမှာပါ။ ဒါကြောင့် ဒီကနေ့မှာ ကျနော်ဟာ အနာဂတ်မျိုးချစ်သူရဲကောင်းတွေ သင်ခန်းစာကောင်း တွေယူနိုင်ဖို့အတွက် လေ့လာဆန်းစစ်သွားပါမယ်။ ဘာကိုပဲလုပ်လုပ် လေ့လာသုံးသပ်မှုတွေမရှိဘူးဆိုလို့ရှိရင် တိုးတက်မှုမရှိပဲ တ၀ဲလယ်လယ်ဖြစ်နေလိမ့်မယ်။
၁ - တော်လှန်ရေးအစပိုင်းမှာ ကျနော်တို့ဟာ မျိုးချစ်စိတ်အပေါ်မှာပဲ အခြေခံပြီး နေရာအမျိုးမျိုးမှာ တော်လှန် တိုက်ပွဝင်ခဲ့ကြတယ်။ အစီအစဉ်တွေနဲ့ စီမံခန့်ခွဲမှုဟာလည်း သိပ်ပြီးတော့ ကောင်းမွန်လှမှုမရှိခဲ့ဘူး၊ ဘာဖြစ်လို့ လဲဆိုတော့ စစ်ရေးစစ်ရာနဲ့ စီမံအုပ်ချုပ်မှုတွေမှာ အတွေ့အကြုံမရှိလို့ပဲဖြစ်တယ်။
၂ - ညီညွတ်မှုမရှိဘူး၊ နောက်ပြီးတော့ ဘာကို အရင်ဆုံးစလုပ်ရမယ်ဆိုတဲ့ တဆင့်ပြီးတဆင့်လုပ်ရမယ်။
၃ - တော်လှန်ရေးကာလရှည်ကြာလာတာနဲ့အမျှ တချို့ခေါင်းဆောင်တွေဟာ အမျိုးသားရေးတာဝန်ကို ဂရုမစိုက်ပဲ အာဏာနဲ့ငွေအပေါ် ပိုမိုဖက်တွယ်လာကြတယ်။ အတ္တများလာတဲ့အခါ သူတို့တတွေဟာ ကိုယ်ကျိုး ကိုပိုပြီးတော့ကြည့်လာတယ်၊ စည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာခြင်းမရှိတော့ဘူး၊ ဒါကြောင့် ဂိုဏ်းအုပ်စုတွေ ကွဲလာပြီး အချင်းချင်းတိုက်ခိုက်လာကြတော့တယ်။
၎ - နိုင်ငံရေးအရခိုင်မာမြင့်မားတဲ့ရည်မှန်းချက်မရှိဘူး။ ဒါကြောင့် ဗမာစစ်တပ်က စီးပွားရေးအခွင့်အလမ်းတွေ ပေးလိုက်လို့ရှိရင် သူတို့တတွေဟာ ထောင်ချောက်ထဲမှာ ပိတ်မိတော့တာပဲ၊ သူတို့တတွေဟာ သဘောတူ ထားတဲ့အတိုင်းမလုပ်ကြဘူး၊ သဘောတူညီချက်ဆိုတာ အစည်းအဝေးမှာပဲရှိတယ်၊ စာရွက်ပေါ်မှာပဲရှိတယ်၊ ဒါကြောင့် ကိုယ့်သဘောနဲ့ကိုယ်လုပ်ကြတယ်၊ သဘောတူညီချက်တွေကိုချိုးဖောက်ကြတယ်၊ ညီညွတ်မှုဆိုတာ ဘာမှအသုံးမကျတော့ဘူး။
၅ - ကမ္ဘာ့နိုင်ငံရေးဟာ အချိန်နဲ့အမျှပြောင်းလဲနေတယ်၊ ရှမ်းပြည်နိုင်ငံရေးသမားတွေဟာ ဒီအပြောင်းအလဲတွေ နဲ့လိုက်ညီပြီးလုပ်ကိုင်နိုင်တဲ့အရည်အသွေးမရှိဘူး။ သူတို့တတွေဟာ တာဝန်အပြည့်အ၀ခံတာမျိုးမရှိကြဘူး။
၆ - ဘိန်းလုပ်ငန်းလုပ်တဲ့သူတွေဟာ အခွင့်အရေးယူပြီးလုပ်ကိုင်လှုပ်ရှားနေတဲ့အတွက် အမျိုးသားရေးလှုပ်ရှားမှု တွေကိုနာမည်ပျက်ထိခိုက်စေတယ်၊ ဒါကြောင့် နိုင်ငံတကာအသိုင်းအ၀ိုင်းက တော်လှန်ရေးအုပ်စုတွေကို မူးယစ် ဆေးရောင်းဝယ်သူတွေနဲ့ဆက်နွယ်တဲ့သူတွေလို့မြင်တယ်၊ အမျိုးသားရေးလှုပ်ရှားနေတဲ့သူတွေလို့ မမြင်ကြ ဘူး။ လက်နက်ကိုင်ထားပြီး နိုင်ငံရေးသဘောထားမရှိဘူး၊ ဗမာစစ်တပ်မှာ ရေဒီယိုရှိတယ်၊ တီဗွီရှိတယ်၊ ဒါတွေ ကိုသုံးပြီး တော်လှန်ရေးအုပ်စုတွေကို နာမည်ဖျက်ဖို့ ထုတ်လွှင့်တယ်၊ ဗမာစစ်တပ်ဟာ နိုင်ငံရေးမှာ အောင်မြင်မှု ရတယ်။
၇ - ရှမ်းပြည်တိုင်းရင်းသားလူမျိုးစုတွေကို ဗမာမျက်ကန်းမျိုးချစ်တွေက အခွင့်အရေးတွေနဲ့မျှားပြီး ရှမ်းပြည်သူ တွေကြားထဲမှာ သွေးကွဲအောင်လုပ်တယ်၊ ဒီဟာက တိုင်းရင်းသားလူမျိုးစုတွေကြားထဲမှာ တင်းမာမှုတွေနဲ့ တိုက်ပွဲတွေနှစ်နဲ့ချီကြာအောင်ဖန်တီးနေတယ်။ ဗမာအာဏာရှင်တွေဟာ တိုင်းရင်းသားလူမျိုးစုတွေကြား သွေးခွဲ တဲ့နေရာမှာ တော်တယ်၊ တိုင်းရင်းသားတွေအချင်းချင်းကြားမှာ တိုက်ခိုက်ကြအောင်လုပ်တယ်၊ သူတို့တတွေ ဟာ သူတို့ဖာသာသူတို့ တော်လှန်ရေးအုပ်စုတွေကို သိမ်းပိုက်အနိုင်ယူနိုင်အောင်လုပ်နိုင်တဲ့အရည်အချင်း မရှိဘူး။
၈ - န၀တ၊ နအဖဟာ တခြားတော်လှန်ရေးအင်အားစုတွေနဲ့ အပစ်အခတ်ရပ်စဲထားတာ နှစ်ပေါင်း ၂၀ ကျော် ရှိနေပြီ၊ ဒီဟာက သူတို့တတွေဟာ ပိုပြီးစုစည်းခိုင်မာအောင်နဲ့ အားကောင်းအောင်လုပ်ဖို့ အချိန်ဆွဲတဲ့နည်းပဲ ဖြစ်တယ်၊ ဒါပေမဲ့ တော်လှန်ရေးအုပ်စုတွေအတွက် ဘာမှ အဓိပ္ပာယ်မရှိဘူး၊ စီးပွားရေးသမားတွေအတွက်ပဲ အကျိုးရှိတယ်။
၉ - ဒါတွေဟာ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ကျနော်တို့တော်လှန်ရေးကာလအတွင်းမှာ ကျဆုံးမှုတွေပဲ ဖြစ်တယ်။

ကျနော်တို့ရည်မှန်းချက်ရောက်ဖို့ ကျနော်တို့တတွေ ညီညွတ်ရမယ်။
စ၀်ရွက်စစ် (သျှမ်းပြည်ပြန်လည်တည်ထောင်ရေးကောင်စီ-RCSS )

Read More...

Sunday

(၅၂) နှစ် မြောက် သျှမ်းပြည်အမျိုးသားတော်လှန်ရေးနေ့ အထိမ်းအမှတ် ဂျပန်နိုင်ငံတွင် ကျင်းပပြုလုပ်သည့် အခမ်းအနား။


၂၀၁၀ ခုနှစ် မေလ(၂၃)ရက်။


(၅၂) နှစ် မြောက် သျှမ်းပြည်အမျိုးသားတော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ဂျပန်နိုင်ငံရောက် သျှမ်းပြည် တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ်(SSND-Japan) နှင့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ်(SND-Japan) တို့ မှ ဦးစီး၍ တိုကျိုမြို့  တာကါဒါနိုဘာဘာ အရပ်ရှိ Shoohiseikatsu Center 4F ,မှာ ယနေ့  မနက် ၁၀း၀၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ကျင်းပပြုလုပ်ခြင်းနှင့် ပတ်သက်၍ သျှမ်းပြည် တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ်(SSND-Japan) ဥက္ကဋ္ဌ စိုင်းညွန့် မောင်မှ ရှင်းလင်းပြောကြားရာမှာ ဤအခမ်းအနားကို ဂျပန်နိုင်ငံတွင် ပထမ ဦးဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်ပြီး သျှမ်းပြည်အမျိုးသားတော်လှန်ရေး နောက်ခံ သမိုင်းကြောင်းကို ယနေ့ ခေတ်လူများ သိရှိစေလိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ရခြင်း ဖြစ်သလို မိမိတို့ ၏ တရားမျှတသည့် တန်းတူအခွင့်အရေး၊ ငြိမ်းချမ်းရေးနှင့် ကိုယ့်ကြမ္မာ ဖန်တီးနိုင်ခွင့်အရေးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံပြီး တိုက်ပွဲဝင်ခဲ့ကြသည့် အာဇာနည် သူရဲကောင်းအပေါင်းတို့ ကို လေးစား ဂုဏ်ပြုသောအားဖြစ် ကျင်းပ ပြုလုပ်ရခြင်း ဖြစ်ပါသည်။

သျှမ်းပြည်တော်လှန်ရေး ဖြစ်ပေါ်လာပုံ နောက်ခံသမိုင်းကြောင်းကို အကျယ်တ၀င့် ရှင်းလင်း တင်ပြသွားပြီး ၁၉၅၂ ခုနှစ် တွင် တရုပ်ဖြူ ကျူးကျော်မှုကို အကြောင်းပြု၍ ဗမာ့တပ်မတော်က သျှမ်းပြည်၏ ကိုယ်ပိုင်ပြဌာန်းခွင့် ကို သိမ်းပိုက် ထိပါးလာမှုကြောင့် လွတ်လပ်ရေး၊ တန်းတူရေး မြတ်နိုးတန်ဖိုးထားသည့် အားလုံးသော မျိုးချစ် သျှမ်းများသည် စ၀်နွိုင် ထူထောင်ခဲ့သည့် Nam Serk Harm စစ်တပ် ထူထောင်ခဲ့သည့် ၁၉၅၈ ခုနှစ် မေလ ၂၁ ရက်နေ့အား ရှမ်းပြည်သူ ပြည်သားများ တော်လှန်ရေးနေ့ဟု တညီတညွတ်တည်း သတ်မှတ်ခဲ့ကြသည့် အကြောင်းကို ရှင်းလင်းပြောကြားပြီးသည့်နောက် SND-Japan ဥက္ကဋ္ဌ စိုင်းစီဝမ်းမှ ဒုဗိုယ်ချုပ်ကြီးယက်စစ်၏ သျှမ်းပြည်အမျိုးသားတော်လှန်ရေးနေ့ မိန့်ခွန်းကို ဖိတ်ကြားသွားပါသည်။ တက်ရောက်လာကြသည့် ဖွဲ့အစည်းအသီးသီးမှ ဂုဏ်ပြုအမှာစကား ပြောကြားပြီးသည့်နောက် အခမ်းအနားကို နေခင်း ၁၂း၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

ယနေ့ ကျင်းပပြုလုပ်သည့် အခမ်းအနားတွင် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ စုစုပေါင်း (၇၀ )ကျော်ခန့်  တက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် သျှမ်းပြည်အမျိုးသားတော်လှန်ရေး နောက်ခံ သမိုင်းကြောင်းပါ မှတ်တမ်း စာစောင်ကို ခြင်းပြုလုပ်ခဲ့ပါသည်။

မှတ်တမ်း။ SSND

Read More...

၆၃ ကြိမ်မြောက် သျှမ်းအမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနား

ဒီကနေ့ ၇ ရက်နေ့ဖေဖော်ဝါရီလ ၂၀၁၀ သည် သျှမ်းပြည်တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ (ဂျပန်)မှ ၆၃ကြိမ်မြောက် သျှမ်းအမျိုးသားနေ့အခမ်းအနားကို ကျင်းပခဲ့ပါသည်။ပြည်ထောင်စုမြန်မာနိုင်ငံအတွက် စစ်မှန်သောဒီမိုကရေစီရရှိဖို့အတွက် ဂျပန်ရောက်ဒီမိုကရေစီတိုင်းရင်းသားများအဖွဲ့အစည်းများ တက်ရောက်ခဲ့ပြီး ရှမ်းပြည်နယ်အတွင်းရှိ နေထိုင်နေကြသော ( ရှမ်း၊ ပအိုဝ့်၊ ပလောင်၊ လီရှော၊ ကိုးကန့်၊ မိုးဝီး၊ ဓနု...) လူမျိုးစုကိုယ်စားလှယ်အသီးသီးများမှ ရှမ်းပြည်နယ်နေ့(သို့) ရှမ်းအမျိုးသားနေ့ ၏ ဖြစ်ပေါ်လာပုံအကြောင်းကို မိန့်ခွန်းများပြောကြားခဲ့ကြပါသည်။ ကြွရောက်လာကြသော ဂျပန်ရောက်ဒီမိုကရေစီတိုင်းရင်းသားများအဖွဲ့အစည်းများလည်း ပင်လုံသမိုင်းအကြောင်းများနှင့်တကွ ရှမ်းအမျိုးသားနေ့သမိုင်းအကြောင်းဖြစ်ပေါ်လာပုံကို မိန့်ခွန်းပြောကြားခဲ့ကြပါသည်။အခမ်းအနားကို မနက်ပိုင်း ၉နာရီမှ စတင်ခဲ့ပြီး နေ့လည်ပိုင်း ၁၂နာရီမှာ အောင်မြင်စွာကျင်းပခဲ့ပါသည်။

Image and video hosting by TinyPic


ပင်လုံညီလာခံ၏ ဆုံးဖြတ်ချက်အရ ဒီနေ့ဖေဖော်ဝါရီလ (၇) ရက်ကို ရှမ်းပြည်နယ်နေ့ (သို့) ရှမ်းအမျိုးသားနေ့ ဟုသတ်မှတ်ပြီး ဖေဖော်ဝါရီလ ( ၁၂) ရက်ကို ပြည်ထောင်စုနေ့ (၀ါ) ပင်လုံစာချုပ်နေ့ အဖြစ်သတ်မှတ်ခဲ့သောကြောင့် ဒီနေ့ရှမ်းပြည်နယ်နေ့ (သို့) ရှမ်းအမျိုးသားနေ့ ဟာလည်း ကမ္ဘာ့သမိုင်းမှာရော မြန်မာ့သမိုင်းမှာပါ ကမ္ဘာကျော်သမိုင်းဝင်နေ့ဖြစ်ပါသင့်ပါသည်။



Image and video hosting by TinyPic

Read More...

Saturday

SSND မှ ၆၃ ကြိမ်မြောက် သျှမ်းအမျိုးသားနေ့ အထိမ်းအမှတ် ထုတ်ပြန်ကြေငြာချက်

Image and video hosting by TinyPic

Read More...

Friday

ရှမ်းပြည်နယ်နေ့(သို့) ရှမ်းအမျိုးသားနေ့



ရှမ်းပြည်နယ်နေ့(သို့) ရှမ်းအမျိုးသားနေ့ ဘယ်တုန်းက ပေါ်ပေါက်ခဲ့သလဲ။။
ရှမ်းပြည်လူထုခေါင်းဆောင်များနဲ့ စော်ဘွားများဦးဆောင်ကာ ရှမ်းပြည်အလယ်ပိုင်း ယခင်လဲချားနယ် ပင်လုံမြို့မှာ ပင်လုံညီလာခံကို ၁၉၄၇ ဖေဖော်ဝါရီလ ၃ ရက်နေ့မှ ၁၂ ရက်နေ့အထိ ၁၀ ရက်ကြာ ကျင်းပခဲ့ပါတယ်။ ဒီပင်လုံညီလာခံ၏ ဆုံးဖြတ်ချက်အရ ဖေဖော်ဝါရီလ (၇) ရက်ကို ရှမ်းပြည်နယ်နေ့ (သို့) ရှမ်းအမျိုးသားနေ့ ဟုသတ်မှတ်ပြီး ဖေဖော်ဝါရီလ ( ၁၂) ရက်ကို ပြည်ထောင်စုနေ့ (၀ါ) ပင်လုံစာချုပ်နေ့ အဖြစ်သတ်မှတ်ခဲ့သောကြောင့် ဒီနေ့ရက်တွေဟာ ကမ္ဘာ့သမိုင်းမှာရော မြန်မာ့သမိုင်းမှာပါ ကမ္ဘာကျော်သမိုင်းဝင်နေ့ဖြစ်ပါတယ်။

ယင်းညီလာခံမှ ချမှတ်ချက်များဟာ ဘာတွေလဲ။

ပင်လုံစာချုပ်မထိုးခင် တစ်ရက်အလို ၁၁-၂-၁၉၄၇ နေ့မှာ ရှမ်းပြည်ကောင်စီဥက္ကဌ စ၀်ခွန်ပန်းစိန်က ရှမ်းပြည်လူမျိုးပေါင်းစုံနဲ့ပတ်သက်အကြုံးဝင်တဲ့ အောက်ပါဆုံးဖြတ်ချက် ၃ ရပ်ကိုချမှတ်ခဲ့ပါတယ်။

(၁) ဖေဖော်ဝါရီ ၇ ရက်နေ့ကို ရှမ်းပြည်အမျိုးသားနေ့အဖြစ်၊
(၂) ၀ါစိမ်းနီနဲ့အဖြူရောင်လ၀န်းအလံကို ရှမ်းပြည်အလံတော်အဖြစ်၊
(၃) ခေးတိုင်းခေးရာဇာသီချင်းကို ယာယီအမျိုးသားသီချင်းအဖြစ်
သတ်မှတ်ကြောင်းထုတ်ပြန်ကြေငြာလိုက်ပါတယ်။

၁၉၄၇ ခုနှစ် မြန်မာပြည်လွပ်လပ်ရေးရခါနီးတစ်နှစ်အလိုကစပြီး ဖေဖော်ဝါရီ ၇ ရက်နေ့ကို ရှမ်းအမျိုးသားနေ့လို့ အစွဲပြုခေါ်ဝေါ်ခဲ့တာ ယနေ့တိုင်အောင်ပါပဲ။
ဒီနေ့ရဲ့အနှစ်သာရနဲ့ဦးတည်ချက်တွေဟာ ရှမ်းပြည်သူတစ်ရပ်လုံး
( ရှမ်းပြည်တွင်နေထိုင်တဲ့လူမျိုးများအားလုံးဖြစ်တဲ့ ရှမ်း၊ ပအိုဝ့်၊ ဓနု၊ လားဟူ၊ ပလောင် စသဖြင့်...) အတွက် ကိုယ်စားပြုတဲ့ နေ့ထူးနေ့မြတ်ပဲဖြစ်ပါတယ်။

သမိုင်းအစစ်အမှန်ကို ပြန်ပြောင်းကြည့်မည်ဆိုရင် ရှမ်းပြည်နယ်နေ့ မရှိရင် အများနှင့်ကမ္ဘာကသိတဲ့ ပြည်ထောင်စုနေ့(သို့) ပင်လုံစာချုပ်နေ့ လဲရှိလာမှာ မဟုတ်သလို လွတ်လပ်ရေးနေ့ (၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်) လဲ ရှိလာမှာမဟုတ်ပါဘူး။
ဒါကြောင့် မြန်မာပြည်လွပ်လပ်ရေးက ပင်လုံမှစ ဆိုသလို ဒီနေ့မြတ်နေ့ထူးတွေဟာ အားလုံးအတွက် အမှတ်ရထိုက်တဲ့ နေ့တစ်နေ့ဖြစ်ကြောင်း မျှဝေပေးလိုက်ပါတယ်။

Read More...

Tuesday

သျှမ်းပြည်တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ (ဂျပန်) ၂၀၁၀ ခုနှစ်အတွက် အလုပ်မှုဆောင်ကော်မတီများ

သျှမ်းပြည်တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ (ဂျပန်) သည် ပြီးခဲ့သည့် ၂၀ ရက်နေ့ဒီဇင်ဘာလ ၂၀၀၉ တွင် ဂျပန်နိုင်ငံရောက် ရှမ်းပြည်နယ်တိုင်းရင်းသားများမှ စုပေါင်းပြီး ၂၀၁၀ ခုနှစ်အတွက် အလုပ်မှုဆောင်ကော်မတီများ ရွေးချယ်တင်မြောက်ပြီးစီးခဲ့ပါသည်။


Read More...

Sunday

မယ့်ဟောင့်ဆောင်မြို့၌ သျှမ်းရိုးရာသီတင်းကျွတ်ပွဲတော် ၁၂ ရက်တိတိဆင်နွှဲမည်

သောကြာနေ့၊ 25 စက်တင်ဘာလ 2009 သျှမ်းသံတော်ဆင့်

ထိုင်းနိုင်ငံ မယ့်ဟောင့်ဆောင်မြို့၌ သျှမ်းရိုးရာ သီတင်းကျွတ်ပွဲတော် ၁၂ ရက်တိတိ သိုက်သိုက်မြိုက်မြိုက်ဆင်နွှဲမည်ဟု ထိုင်းမီဒီယာ များက ဆိုပါသည်။
သျှမ်းရိုးရာ သီတင်းကျွတ်ပွဲတော်ကို စက်တင်ဘာလ ၃၀ ရက်မှ အောက်တိုဘာလ ၁၂ ရက်နေ့အထိ ကျင်းပမည်ဖြစ် ကြောင်း မယ့်ဟောင့်ဆောင် အုပ်ချုပ်ရေးအာဏာပိုင်များကလည်း ထိုင်းရုပ်မြင်သံကြားမှ ကြေငြာ ခဲ့သည်။

“ပွဲတော်ကာလမှာ နှီးဘုရားကျောင်းဆောက်လှူကြမယ်။ သျှမ်းလို ချိန်တန်ပွတ် လို့ခေါ်တယ်။ ရာသီထွက်သီး နှံတွေ ချိတ်ဆွဲပြီးလှူတာလေ။ သျှမ်းရိုးရာယဉ်ကျေးမှု စားသောက်ဖွယ်ရာ၊ အ၀တ်အစားပြိုင်ပွဲ တွေပါစီစဉ်ထား တယ်။

သျှမ်းအလှမယ်လည်းရွေးမယ်။ အကတွေပြိုင်မယ်။ ၁၂ ရက်လုံးလုံးပေါ့။ ပွဲချိန်က ည ၇ နာရီကနေ သန်းခေါင်အထိ” မယ့်ဟောင့်ဆောင် သျှမ်းအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြော ပြ၏။

ပွဲအစီအစဉ်မှာ ၃၀/၀၉/၂၀၀၉ သီတင်းကျွတ်ပွဲတော်ဖွင့်ပွဲ ပဌာန်းရွတ်စတင်ခြင်း၊ ၂ /၁၀/၂၀၀၉ နှီးဘုရား ကျောင်းများ (ကထိန်လှည့်သကဲ့သို့) မြို့တွင်းလမ်းမ တလျှောက် လှည့်လည်ပြသခြင်း၊ ၄/၁၀/၂၀၀၉ သံဃာတော်များဆွမ်းခံကြွ တော်မူခြင်းနှင့် ၁၂၊၁၀၊၂၀၀၉ ပွဲတော်နောက်ဆုံးနေ့တွင် ဆီမီးတစ်ထောင်ထွန်း ညှိပူဇော်ပွဲနှင့် ပြိုင်ပွဲများ မှဆုရရှိသည့် ရပ်ကွက်၊ အသင်းအဖွဲ့များ ဆုပေးခြင်းစသည့် အဓိကအရေးကြီး အစီအစဉ်များအပြင် ညခင်းပိုင်းတွင်လည်း အိုးစည်ဗုံမောင်းတီးပြိုင်ပွဲ၊ အကပြိုင်ပွဲများရှိသည်ဟု သိရ၏။

တာဝတိံသာနတ်ပြည်မှ မယ်တော်နတ်သားအား မြတ်စွာဘုရားက တရားဟောကြားတော်မူပြီး သီတင်းကျွတ် အခါ လူ့ပြည်သို့ ကြွဆင်းတော်မူလာစဉ် လူသားများက မိမိတို့ခြံထွက်သီးနှံများဖြင့် ပူဇော်လှူဒါန်းသည့် အစဉ်အလာရှိခဲ့ သဖြင့် သျှမ်းများက ယခုတိုင် ၀ါကျွတ်ချိန် နှီးဘုရားကျောင်းပြုလုပ်လုပ်ကာ အလှူအဒါန်းပြုခဲ့ကြသည်။

(အသေးစိတ် ဆက်သွယ်မေးမြန်းလိုပါက - မယ့်ဟောင့်ဆောင် အုပ်ချုပ်ရေးဌာန ဖုန်းနံပါတ်- ၀၅၃ -၆၁၃ ၈၆၀ သို့ ဆက်သွယ်နိုင်ပါသည်)

Read More...

Thursday

ဦးခွန်ထွန်းဦးနဲ့နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ဖို့ တောင်းဆိုဆန္ဒပြကြ

လစဉ်လတိုင်း ၉ ရက်နေ့ရောက်ပြီဆိုရင် ကျွှန်တော်တို့ရဲ့ သျှမ်းတိုင်းရင်းသားးခေါင်းဆောင် ဦးခွန်ထွန်းဦးအပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ဖို့အတွက် တောင်းဆိုဆန္ဒပြခဲ့ပါတယ်။ စစ်မှန်သောဒီမိုကရေစီရရှိဖို့အတွက် ကြိုးပမ်းပေးနေတဲ့ခေါင်းဆောင်ကြီးတွေကိုဖမ်းဆီးထားလို့ အမြန်ဆုံးပြန်လွတ်ပေးရေးအတွက် ဂျပန်နိုင်ငံရှိကမ္ဘာ့ကုလသမ္မကရုံးရှေ့မှာ ညနေ၃နာရီမှ ၄ နာရီအထိ စုရုံးတောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ နိုင်ငံရေး ရဲဘော်အပေါင်း အယောက် ၅၀ ကျော်တတ် ရောက်ခဲ့ကြပါတယ်။

”မှတ်တမ်းဓာတ်ပုံများ“




Rest of your post

Read More...

Monday

ထောင်ဒဏ် နှစ် ၂၀ တန်စာတမ်း

(သျှမ်းသံတော်ဆင့်)
သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုး စိုင်းညွန့်လွင် အဖမ်းမခံရမီ တာဝန်ယူကူညီရိုက်နှိက်ပေးသော စာမျက်နှာ ၈ မျက်နှာရှိ UNA စည်းလုံးညီညွတ်သော တိုင်းရင်းသားမဟာမိတ်အဖွဲ့မှ ရေးဆွဲခဲ့သော အနာဂတ်ပြည်ထောင်စု နိုင်ငံဖွဲ့စည်းပုံ စာတမ်း ဂျွန်လ ၁၁ ရက်နေ့က ပြန်လည်တွေ့ရှိကြောင်း ရန်ကုန်မှ လာသော သတင်းများက ဆိုပါသည်။
UNA အစည်းအဝေးတရပ်မှ ရေးဆွဲခဲ့သော အဆိုပါ အနာဂတ်ပြည်ထောင်စု နိုင်ငံဖွဲ့စည်းပုံစာတမ်းကို SLND အထွေထွေအတွင်းရေးမှုး တာဝန်ယူစာရိုက်ပေးပြီး (၂၀၀၅ ဖေဖော်ဝါရီလ ၈-၉ ရက် ဦးခွန်ထွန်းအပါအ၀င် သျှမ်းတိုင်းရင်းသားခေါင်းဆောင် ၃၀ နီးပါး အဖမ်းမခံရမီ ၂ ရက်အလို) UNA အဖွဲ့ဝင် ပုဂွိုလ်တယောက်အား စာတမ်းမိတ္တူထုတ်ပေးလိုက်သည်။ နောက်တနေ့တွင် စိုင်းညွန့်လွင်တို့အား ဖမ်းဆီးစဉ် ကွန်ဗြူတာပါ အသိမ်းခံလိုက်ရပြီး ဤစာတမ်းအတွက် ထောင်ဒဏ် အနှစ် ၂၀ အပါအ၀င် အခြားစွဲချက်များစွာ ဖြင့် စုစုပေါင်း (အင်းစိန်ထောင် တွင်းတရားရုံး၌) ထောင်ဒဏ် ၈၅ နှစ်ချမှတ်၏။ ပြီးနောက် စစ်ကိုင်းတိုင်း ကလေးထောင်သို့ ပို့ဆောင်ချုပ်နှောင် ထားခြင်းခံခဲ့ရသည်။

UNA အဖွဲ့ဝင် ပုဂွိုလ်မှာ အနာဂါတ်ပြည်ထောင်စု နိုင်ငံတော်ဖွဲ့စည်းပုံစာတမ်း အသိမ်းလွန်သွားရာ ဂျွန်လ ၁၁ ရက်နေ့ကျမှ ပြန်လည်တွေ့ရှိခဲ့သည်ဟု ဆိုပါသည်။

၂၀၀၅ ဖေဖော်ဝါရီလက အဖမ်းခံရသော သျှမ်းခေါင်းဆောင် ၉ ဦးမှာ-
- ဗိုလ်ချုပ်ဆေထဲန် ထောင်ဒဏ် ၁၀၆ နှစ် ခထောင် (အပစ်ရပ် သျှမ်းပြည်မြောက်ပိုင်း SSA ဥက္ကဋ္ဌ)
- ခွန်ထွန်းဦး ထောင်ဒဏ် ၉၃နှစ် ပူတာအိုထောင် (၁၉၉၀ ရွေးကောက်ပွဲ၌ သျှမ်းပြည်အတွင်း ပထမ၊ တနိုင်ငံလုံး၌ ဒုတိယမဲအများဆုံး အနိုင်ရပါတီ SLND ဥက္ကဋ္ဌ)
- စိုင်းညွန့်လွင် ထောင်ဒဏ် ၈၅နှစ် ကလေးထောင် (SLND အတွင်းရေးမှုး)
- စိုင်းလှအောင် ထောင်ဒဏ် ၇၉နှစ် ကျောက်ဖြူထောင် (SLND ဗဟိုအလုပ်အမှုဆောင်)
- ဆရာသင်္ချာမြင့်သန်း ထောင်ဒဏ် ၇၉နှစ် သံတွဲထောင် (မျိုးဆက်သစ်သျှမ်းပြည်ခေါင်းဆောင်(၂၀၀၆ မေလက ထောင်အတွင်းကွယ်လွန်))
- ဦးထွန်းညို ထောင်ဒဏ် ၇၉နှစ် ဘူးသီးတောင်ထောင်
- ဦးညီညီမိုး ထောင်ဒဏ် ၇၉ နှစ် ပခုက္ကူထောင်
- စိုင်းမျိုးဝင်းထွန်း ထောင်ဒဏ် ၇၉နှစ် မြင်းခြံထောင်
- စ၀်သာဦး ထောင်ဒဏ် ၁၂နှစ် (ပြန်လွတ်မြောက်ပြီး)
UNA စည်းလုံးညီညွတ်သောတိုင်းရင်းသားမဟာမိတ်အဖွဲ့ကို ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရတိုင်းရင်းသားခေါင်းဆောင်များ စုစည်းပူးပေါင်း၍ ၂၀၀၂ ဂျူလိုင်လ ၃၁ရက်တွင် စတင်ဖွဲ့စည်းခဲ့သည်။အနာဂတ်ပြည်ထောင်စုမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံစာတမ်းတွင် “စစ်အာဏာရှင် အစိုးရအုပ်စိုးနေသမျှကာလပတ်လုံး နအဖတို့နေ့စဉ်နေ့တိုင်း အော်ဟစ်နေသော ခေတ်မီ၍ဖွံ့ဖြိုးတိုးတက်သော နိုင်ငံ ဖြစ်ဖို့လမ်းမရှိ” ဟု... အလေးအထားဖော်ပြထားသည်။
၁၉၆၁ ဂျွန်လ သျှမ်းပြည်မြို့တော် တောင်ကြီး၌ တိုင်းရင်းသားခေါင်းဆောင်များက ပြည်နယ်ပေါင်းစုံ ညီလာခံကြီးခေါ်ယူကျင်းပပြီး ၁၉၄၇ အခြေခံဥပဒေကို မျှတတန်းတူ လွတ်လပ်သောပြည်ထောင်စု စစ်စစ်အဖြစ်ပြင်ဆင်ဖြည့်စွက်ရန် တောင်းဆိုထားသော ဖက်ဒရယ်သျှမ်းမှုပါ-
- ဖက်ဒရယ်ပြည်ထောင်စုတွင် တိုင်းရင်းသားများပြည်နယ် နှင့် အမျိုးသားပြည်နယ်များအဖြစ် ဖွဲ့စည်းပေးရေး
- အထက်နှင့် အောက်တရားစီရင်ရေးလွတ်တော်ကို တန်းတူညီမျှသော အာဏာပေးရေး
- အထက်လွတ်တော်တွင် ပြည်နယ်ကိုယ်စားလှယ် သာတူညီမျှထားရှိရေး
- ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များတွင်သီးသန့်ဥပဒေပြုအာဏာနှင့် ကိုယ်ပိုင်သီးသန့်တရားစီရင်ခွင့်အာဏာ ဖန်တီးပေးရေး
စသည့် အချက်အလက်များပေါ် အခြေခံ၍ အဝေးရောက်ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရက ဖက်ဒရယ်ဖွဲ့စည်းပုံ မှုကြမ်းတစ်စောင်ရေးဆွဲပြီး ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီသို့ ၁၉၉၆ မတ်လက တင်ပြခဲ့ဖူးသည်။ ထိုအချိန်ကတည်းက အတိုက်အခံအဖွဲ့စည်းများက ဖက်ဒရယ်ပြည်ထောင်စုအခြေခံ ဥပဒေမှုကြမ်းရေးဆွဲနှင့်ပြီးဖြစ်သည်။

Read More...

Saturday

ဦးခွန်ထွန်းဦးနှင့် မြန်မာနိုင်ငံမှနိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရေး အတွက် နိုင်ငံတကာသို့ လှုံ့ဆော်ချက်

Image and video hosting by TinyPic

(၂၀၀၈ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ကျရောက်ခဲ့သော(၆၁) ကြိမ်မြောက်သျှမ်းအမျိုးသားနေ့တွင် ထုတ်ပြန်သော SLND ထုတ်ပြန်ချက်မှ)

Image and video hosting by TinyPic

“ကျွှန်တော်တို့  ဘာအမှုမှ ကျူးလွန်ခဲ့တာမဟုတ်ဘူး ကျွှန်တော်တို့ကမြန်မာ ပြည်သူလူထုဆီကို ငြိမ်းချမ်းမှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု တွေရရှိလာစေရေး အတွက် ကိုယ့်လူထုထဲမှာ စွမ်းဆောင်နိုင်တဲ့အင်အားတွေမြင့်မားလာစေဖို့က ကျွှန်တော်တို့ရဲ့ ရည်ရွယ်ချက်ပဲဆိုတာကို အတည်ထပ်ပြုပါတယ်”။(ဦးခွန်ထွန်းဦး-SLND)

Image and video hosting by TinyPic
Prisons Where Shan State Leaders are detained




Rest of your post

Read More...

Wednesday

Overseas Shans call for donation to Shan residents in Rangoon division

Overseas Shans are organizing a direct aid program for thousands of Shan residents in Rangoon division who are among the victims of Cyclone Nargis that hit southern Burma on 2-3 May, according to sources.
By Hseng Khio Fah


The roofs of the house of Shan Nationalities League for Democracy (SNLD) leader Khun Tun Oo, who is serving a 93 year prison sentence in Putao were blown away and his General Secretary Sai Nyunt Lwin aka Sai Nood's house was broken by the collapsed mango tree. He is serving an 85 year prison sentence in Kalay.
Some Shan houses across the street of the Shan Monastery Aung Myay Bontha were damaged. So were those in Twantay, Rangoon division, said a Shan student in Rangoon.
"The Twantay Seiktathukha (Citta Sukha) monastery also was destroyed by the storm. There are many novices and students from Shan State who have been staying at the monastery and attending schools or university. 75% of four Shan villages in Twantay were in ruins. Villagers need help. The aid relief teams have yet to reach them," said the student.
A member of Shan Literature and Culture Society in Chiangmai said, " Shans should help Cyclone victims. We should help each other as best we can. We need heroes and heroines to spearhead this program."
There are around 10 Shan monasteries and thousands of Shan households in Rangoon. Over 100,000 Shans living in Rangoon, Okkan, Twantay and Taikkyi in Rangoon division and Phyu, Taw Kywe Inn, Mone, Toungoo and Shwe Kyin in Pegu division.
According to the Invitation for Donation for Nargis victims, organizers include Peunkham Payakwong, Coordinator of the newly formed Tai Coordination Committee (TCC), Buakaew Tungkhaburi, Sida Khemaraj, Dechophol Walingta and Chaiya Kongchuen.
Those who wish to donate may employ the services of the following newly opened bank account:
Mr Dechopol Walingta and Mr Chaiya Kongchuen
Bank account #: 401-131111-3
SIAM COMMERCIAL BANK PCL.
Big C Hangdong Branch
433/4-5 Moo 7 Chiangmai-Hod Rd., Maehia,
Muang, Chiangmai 50100
Swift Code: SICOTHBK

Read More...

Saturday

အချိန်မတိုင်မှီကြွေလွင့် သွားသော စိုင်းထီးဆိုင်အတွက် အမှတ်တရကောင်းမှုကုသိုလ်ပြုပွဲဖိတ်ကြားလွာ

Image and video hosting by TinyPic

Read More...